အလုံ ဇန်နဝါရီလ ၃၀
ရန်ုကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာမေသီရိဦးဆောင်မှုဖြင့် ဦးစီးအရာရှိ(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦး၊ ၊ဒေါ်မိုးမိုးအောင် (သူနာပြု)၊ ဒေါ်သက်နွယ်လင်း (သားဖွားဆရာမ) တို့မှ ကျောင်းအခြေပြု Snellen Chart ဖြင့် ကျောင်းအခြေပြုပဏာမ မျက်စိစစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ရာ အ-ထ-က (၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး၊ အ-ထ-က (၄) မှ ကျောင်းသား၊ ကျောင်းသူ (၁၀၄) ဦးအား စုစုပေါင်း (၁၂၆) ဦးအား ကျောင်းအခြေပြု DT ထပ်ဆောင်းထိုးနှံခြင်းနှင့် Snellen Chart ဖြင့် မျက်စိစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)