ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီး၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံ စာရင်းများကောက်ယူနေမှုများကို လားရှိုးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ကော်မတီဝင်များသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံစာရင်းများ လက်တွေ့ကွင်းဆင်း ကောက်ယူနေသည့် လားရှိုူးမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ရပ်ကွက် (၁) နှင့် ရပ်ကွက် (၂) တို့တွင် သွားရောက်ကြည့်ရှု အားပေးခဲ့ကြခြင်းဖြစ်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း အဆောက်အအုံစာရင်းများကောက်ယူခြင်း ကော်မတီဝင်များက လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ရပ်ကွက်အလိုက် အဆောက်အအုံမြေပုံများကို ဂျီပီအက် (GPS) ထောက်၍ အဆောက်အအုံအမှတ်စဉ်၊ အိမ်ခန်းအမှတ်စဉ်၊ အိမ်ထောင်စုအမှတ်စဉ်၊ အိမ်ထောင်ဦးစီး အမှတ်စဉ်နှင့် တည်နေရာလတ္တီကျူ၊ လောင်ဂျီကျူများကို ကောက်ယူ၍ ဆာဗာထဲသို့ ထည့်သွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )