ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသာစုဝင်ငွေရရှိ

ကျွန်းလှ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးသူများ မိသားစုဝင်ရရှိ၍ အဆင်ပြေကြကြောင်း သိရသည်။

“ခရမ်းကို ရေတင်စနစ်ဖြင့် ရာသီအလိုက်စိုက်ပျိုးကြပါတယ်။ အခုနှစ် ဆောင်းရာသီမှာ ချောင်းရေတင်ပြီး ခရမ်းညို (ပဒေသာသီး) အပင် ၂၀၀ စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ လုပ်အားခအပါဝင် ငွေကျပ်တစ်သိန်းခန့် ကုန်ကျပါတယ်။ တစ်နေ့ခရမ်းသီးပိဿာချိန် (၃၀) ကျော်ကောက်ယူရပြီး တစ်ပိဿာငွေကျပ် ၁၀၀၀ ရောင်းရ၍ မိသားစုအတွက် ငွေကျပ် ၃၀၀၀၀ ခန့်ရရှိပါတယ်” ဟု မကျည်းအင်းကျေးရွာ၊ တောင်သူဦးချစ်မိုးက ပြောသည်။

 ကျွန်းလှမြို့နယ်တွင်၊ ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်မျိုးစုံ ၁၀၆၅ ဧက စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)