၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်လေလံရောင်းချခြင်း အခမ်းအနားကျင်းပ

လားရှိုး ဇန်နဝါရီ ၃၀

လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန ၂၀၂၄ -၂၀၂၅ ခု ဘဏ္ဍာရေးနှစ် (၁)နှစ်တာ ကာလအတွင်း အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် စည်ပင်သာယာဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည် ။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ လေလံရောင်းချခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် ဆွဲဝယ်သူများမှ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ လေလံဆွဲဝယ်မှုနှင့်ပတ်သက်၍ မရှင်းလင်းသည့် မရှင်းလင်းသည့် အချက်များရှိပါက မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် လားရှိုးမြို့နယ် စည်ပင်သာယာဌာန၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် (၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ မတ်လအထိ) အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များကို စိစစ်ရောင်းချခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)