မင်းလှ ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (KG) တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများကို ကျောင်းအခြေပြု ဆုံဆို့ - မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က(မင်းလှ) မြို့တွင်းကျောင်းတွင် စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများပူးပေါင်း၍ အသက်(၇) နှစ်မကျော်သော (KG) တန်းတွင် တတ်ရောက်နေသည့် ကျောင်းသား (၁၉) ဦး၊ ကျောင်းသူ (၁၉) ဦး စုစုပေါင်း(၃၈) ဦးအား ဆုံဆို့ - မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အဖွဲ့ခွဲ၍ ကျောင်းများအလိုက်ထိုးနှံပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းပေါင်း (၁၅၉) ကျောင်းမှ (KG) တန်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူ (၂၀၇၈) ဦးအား ထိုးနှံပေးရန် စီစဥ်လျာထားကြောင်း သိရသည်။
ပေါက်စ(မင်းလှ)