စေတုတ္တရာ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ၅နာရီအချိန်က မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေးလည့်လည်နှိုးဆော်ရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး ၊မီးသတ်ဆေးဘူး စသည့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများ အသင့်ထားရှိကြရန်၊ နေအိမ်တွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ မီးဖိုအနီးတွင် မီးလောင်လွယ်သည့် ပစ္စည်းများမထားရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများ၊ ချွတ်ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေများကို မီးမလောင်နိုင်သည် အောက်ခံခွက်ဖြင့်သာ ထွန်းညှိရန်၊ ထင်းမီးဖိုဖြင့် ချက်ပြုတ်အသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုခြင်းများဆောင်ရွက်ရန်နှင့် ချက်ပြုတ်ပြီးပါက မီးကိုစနစ်တကျ ငြှိမ်းသတ်ထားရန် အစရှိသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ထုတ်ပြန်ထားရှိမှုအချက်များအပါအဝင် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားနိုင်ရေး ဖုန်းနံပါတ်တို့ကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)