ရပ်စောက်မြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ရပ်စောက် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီး ဌာနတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရပ်စောက်မြို့နယ် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်၊ မြို့မဈေးတာဝန်ခံနှင့်‌ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဦးဆောင်၍ ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်အရေးပေါ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ငြိမ်းသတ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးအသုံးပြုနည်းစနစ်၊ ဂက်စ်မီးဖို အသုံးပြုနေစဉ် ဖြစ်ပေါ်လာနိုင်သည့် မီးလောင်မှုများ၊ ဆီမီးလောင်မှုနှင့် လျှပ်စစ်မီးလောင်မှုကိစ္စရပ်များကို နားလည်သဘောပေါက်ငြိမ်းသတ်တတ်စေရန် ဇာတ်တိုက်လက်တွေ့ အသုံးပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)