သတင်းများ

ကျိုက်မရော၌ မုန်လာဥ တစ်နိုင်တစ်ပိုင် စိုက်သူများမိသားစုအပိုဝင်ငွေရရှိ
Jan 29,2024
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မုန်လာဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများမိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီသင်တန်းများ အခမဲ့ဖွင့်လှစ်မည်
Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကာလ၌ ကျောင်းသူ၊ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် နွေရာသီသင်တန်းများကို အခမဲ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းနောက်ဆုံးစာမေးပွဲများ​ ဖြေဆိုလျက်ရှိ
Jan 29,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် (Grade-4) မှ(Grade-12) အတန်းများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းတွင်းနောက်ဆုံးစာမေးပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိသည်။
သာယာဝတီမြို့တွင် ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံရေးကြည့်ရှုစစ်ဆေး
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဌာနဆိုင်ရာရုံးများ၌ ယနေ့ နေ့လယ်ပိုင်းက သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်ငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးပြီးဖြစ်
Jan 29,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ဇန်နဝါရီ ၂၂  ရက်နေ့မှစ၍  ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jan 29,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။  
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးတင်ထွန်းအောင်နှင့်တပ်ဖွဲ့ဝင်များသည် မီးဘေးဆိုင်ရာအသိပညာ‌ပေးခြင်းနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်” စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ
Jan 29,2024
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။