သတင်းများ

တိုက်ကြီးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် သတိပေးနှိုးဆော်
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ တိုက်ကြီးခရိုင်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၈ နာရီက တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက်ရှိ သရက်ခြံလမ်း၊ အာဂမလမ်းနှင့် ဘောလုံးကွင်းလမ်းများတွက်နေထိုင်သော ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အ.ထ.က (၁) မြန်အောင်တွင် ကျင်းပ
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က(၁)မြန်အောင် ( Assembly Hall)တွင် ယမန်နေ့နံနက်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ပြည်တက္ကသိုလ်၌ "လောကနီတိနှင့် လူမှုကျင့်ဝတ်များ" သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 30,2024
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသော “လောကနီတိနှင့် လူမှုကျင့်ဝတ်များ” သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် Theatre ခန်းမဆောင်၌ ကျင်းပရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာသက်သက်ထွန်းက အဖွင့်အမှာစကား‌ပြောကြားသည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (တတိယ) အကြိမ် မဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Jan 30,2024
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယခုလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်တိုင်ကျင်းပခဲ့သော (တတိယ) အကြိမ် အသံမစဲမဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကြီး၏ အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စေတီတော်ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။
ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်လံအသိပေးနှိုးဆော်
Jan 30,2024
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ ၂၂၄ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jan 30,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းလုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jan 30,2024
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းလုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
စစ်ကိုင်းမြို့ အ.လ.က(ခွဲ)ရွာထောင်တွင် လူငယ်စကားဝိုင်း ကျင်းပ
Jan 30,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရွာထောင်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ(၂၉)ရက်၊ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။