သာယာဝတီ ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဌာနဆိုင်ရာရုံးများ၌ ယနေ့ နေ့လယ်ပိုင်းက သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများရှိ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးပလပ်ပေါက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)