ဇလွန်မြို့တွင် အ.ထ.က ပျဥ်းမကုန်းတွင် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းဆွေးနွေးပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အ.ထ.က ပျဥ်းမကုန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။