ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းနောက်ဆုံးစာမေးပွဲများ​ ဖြေဆိုလျက်ရှိ

မောင်တော  ဇန်နဝါရီ  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် (Grade-4) မှ(Grade-12) အတန်းများ ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် ကျောင်းတွင်းနောက်ဆုံးစာမေးပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိသည်။

မောင်တောမြို့နယ်တွင် အခြေခံပညာကျောင်း (၁၁၉) ကျောင်းရှိပြီး ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် (Grade-4) မှ (Grade -12)ထိ ကျောင်းတွင်းနောက်ဆုံးစာမေးပွဲများကို တစ်ရက်လျှင် နှစ်ဘာသာဖြင့် သက်ဆိုင်ရာကျောင်းများတွင် အသီးသီး ကျင်းပလျက်ရှိကြောင်း၊ ခရိုင်/မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ နှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊တာဝန်ကျဆရာဆရာမများက အနီးကပ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)