ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်ငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးပြီးဖြစ်

မောင်တော   ဇန်နဝါရီ  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ဇန်နဝါရီ ၂၂  ရက်နေ့မှစ၍  ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့  ပင်စင်လစာများထုတ်ပေးရာတွင်  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်း ၁၀၀၀ ကျော်ခန့်ရှိရာ သက်ကြီးရွယ်အို အငြိမ်းစားများ၏ ပင်စင်လစာငွေများ လာရောက်ထုတ် ယူသူအငြိမ်းစားများအား  အဆင်ပြေချောမွေ့စွာ လာရောက် ထုတ်ယူနိုင်ရေးအတွက်  ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ  ၂၁ ရက် နေ့ မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ် ထုတ်ပေး လျက်ရှိပြီး  ကိုယ်တိုင် လာရောက် ထုတ်ယူခြင်းမရှိသူ ပင်စင်အငြိမ်းစားများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း  မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်