သတင်းများ

ပင်းတယမြို့နယ်၌ ချယ်ရီပန်းများ ဝေဆာဖူးပွင့်လျက်ရှိ
Jan 30,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အပြင့် (၃၈၈၀)ပေ၌ တည်ရှိပြီး ရာသီဥတုကောင်းမွန်ကာ သန့်ရှင်းသာယာလှပသည့် မြို့တစ်မြို့ဖြစ်ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ ပင်းတယမြို့ပေါ်နှင့်ဘေးပတ်ဝန်းကျင်များတွင် ချယ်ရီပန်းများ စတင်ဖူးပွင့်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ယက္ကန်းစက်ရုံများတွင် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်
Jan 30,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ယက္ကန်းစက်ရုံများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းများ ဆောင်ရွက်
Jan 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရွှေတောင်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ “ကုသကာကွယ် မူးယစ်အန္တရာယ်”အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ “ကုသကာကွယ် မူးယစ်အန္တရာယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉)နာရီက သရက်မြို့မဈေးကြီးနှင့် လမ်းသွား/လမ်းလာ ပြည်သူများအား ဖြန့်ဝေခဲ့ပါည်။
ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆောင်ရွက်
Jan 30,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအသိ မီးဘေးသတိဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးနှိုးဆော်သတိပေးခြင်းကို ယမန်နေ့ ည ၇ နာရီက လှည့်လည်အသိပေးဆောင်ရွက်သည်။
ရွှေတောင်မြို့နယ် ပိတောက်မြိုင်ပျိုးဥယျာဥ်တွင် နှစ်ရှည်ပင်နှင့် သီးပင်စားပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ပိတောက်မြိုင်ပျိုးဥယျာဥ်တွင် နှစ်ရှည်ပင်နှင့် သီးပင်စားပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများအား ယမန်နေ့ နေလယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနတို့ ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့သည်။
တောင်သာမြို့နယ် ကြည်အိုင်ကန်တောတိုက်၌ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ရေစက်ရုံ၊ ရေကန်တည်ဆောက်
Jan 30,2024
တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဇဂျမ်းအုပ်စု၊ ကြည်အိုင်ကန်တောတိုက်၌ စက်ရေတွင်း တူးဖော်အောင်မြင်ခဲ့သဖြင့် ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ရေစက်ရုံနှင့် အမြင့်တင်ရေစင် ထပ်မံဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တာဝန်ရှိသူများက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြန်အောင်-ရွှေပြည်သာရေနံမြေ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR) ရန်ပုံငွေဖြင့် လှူဒါန်းသော Projector နှင့် ဆက်စပ်ပစ္စည်းတစ်စုံအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနသို့ ပေးအပ်လှူဒါန်း
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်-ရွှေပြည်သာရေနံမြေ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR)ရန်ပုံငွေဖြင့် လှူဒါန်းသော Projector နှင့် ဆက်စပ်ပစ္စည်းတစ်စုံအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနသို့ ပေးအပ်ပွဲကို ယမန်နေ့နေ့လည် ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။