တိုက်ကြီးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် သတိပေးနှိုးဆော်

တိုက်ကြီး ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ တိုက်ကြီးခရိုင်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၈ နာရီက တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက်ရှိ သရက်ခြံလမ်း၊ အာဂမလမ်းနှင့် ဘောလုံးကွင်းလမ်းများတွက်နေထိုင်သော ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အတွက် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်မရှိစေရေး၊ စနစ်တကျငြိမ်းသတ်ကြရန်၊ မီးချိတ်၊ မီးကတ်၊ ရေ၊ သဲ ပြည့်စုံစွာထားရှိရန်၊ မီးဖိုများကို မြေကျင်းတူး၍ အကာအရံဖြင့်ထားရှိရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/ မရှိ စစ်ဆေးထားရန်၊ လျှပ်စစ်မီးသုံးစွဲပြီးတိုင်း မီးခလုတ်များကို သေချာစွာပိတ်ထားရန်၊ အိမ်ပြင်ပသို့ထွက်သွားလိုလျှင် မီးမိန်းများကို ချထားရန်၊ နေအိမ်အတွင်းနှင့်ပြင်ပတွင် မီးလောင်လွယ်သည့် အမှိုက်များကို ရှင်းလင်းထားကြရန်နှင့် အိမ်တိုင်းမီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရန်အတွက် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကိုလည်း တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ လိုက်လံလှည့်လည် သတိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)