ပြည်တက္ကသိုလ်၌ "လောကနီတိနှင့် လူမှုကျင့်ဝတ်များ" သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပြည် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသော “လောကနီတိနှင့် လူမှုကျင့်ဝတ်များ” သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် Theatre ခန်းမဆောင်၌ ကျင်းပရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာသက်သက်ထွန်းက အဖွင့်အမှာစကား‌ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းတက်ရောက်သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းပို့ချသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

အဆိုပါသင်တန်းကို ယခုလ ၁၇ ရက်မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀၀ ဦးခန့် တက်ရောက်ကြောင်းနှင့် ယနေ့သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။ 

ကိုဆက် (ပြန်/ဆက်)