စစ်ကိုင်းမြို့ အ.လ.က(ခွဲ)ရွာထောင်တွင် လူငယ်စကားဝိုင်း ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၃၀

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရွာထောင်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ(၂၉)ရက်၊ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက လူငယ်စကားဝိုင်းများဆွေးနွေးခြင်းဖြင့် အသိပညာများရရှိကာ နိုင်ငံတော်မှအားထားရတဲ့ သားကောင်း/ သမီးမွန်များ ဖြစ်စေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတက်စေရန်၊ မိမိတို့သိရှိထားသည့် အသိပညာများကို အချင်းချင်းမျှဝေဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း စည်လုံးညီညွတ်မှုရရှိပြီး ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြေားကြားပေးခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်၍ Grade-9 ကျောင်းသား မောင်ဇေယျာထွန်းက “လူငယ်နှင့်ယဉ်ကျေးမှု”၊ Grade-9 ကျောင်းသူ မချစ်စုသဲထွေးက “လူငယ်နှင့်စည်းကမ်း”၊ Grade-9 ကျောင်းသူ မကြည်ဖြူရှင်းသန့်က “လူငယ်နှင့်စာပေ”၊ Grade-9 ကျောင်းသား မောင်ဝင်းဖြိုးခန့်က “လူငယ်နှင့်အားကစား”၊ Grade-9 ကျောင်းသူမရှင်းရတီက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က အမှတ်တရဂုဏ်လက်ဆောင်များ ပေးအပ်ခဲ့ကြကာ ကျောင်းသား/ကျောင်းသူလေးများက ပြသထားသည့် အသိပညာပေးနံရံကပ်များ ကိုလေ့လာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)