လောင်းလုံး ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြိုအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိန်းသိန်းက ပြည်ထောင်စု နေ့ ဖြစ်ပေါ်လာပုံကို အသိပညာပေးဟောပြော၍ ဂိမ်းပြိုင်ပွဲများကို ကျင်းပကာ ကျောင်းသား၊သူများက ပျော်ရွှင်စွာဖြင့် ပါဝင်ယှဥ်ပြိုင်ကာ ဆုရရှိသူ များအား မြို့နယ်ဦးစီးအရာရှိက ဆုများချီးမြှင့်ပေးခဲ့၍ သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသကာ ကျောင်းသား၊သူများက စိတ်ပါဝင်စာစွာဖြင့် ကြည့်ရှုခဲ့ကြောင်း သိရသည်
သိန်းသိန်း(လောင်းလုံး)