ရွှေပြည်သာမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းအခြေပြုမေးခိုင်‌ရောဂါကာကွယ်ဆေးထိုးနှံပေး

ရွှေပြည်သာ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ထိခိုက်ရှနာဖြစ်ပွားရာမှ မေးခိုင်ရောဂါကာကွယ်နိုင်ရန်၊ ကျောင်းအခြေပြုဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးမှုတွင် အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်ထက်မကျော်သော ကလေးငယ်များအား ထိုးနှံပေးမည်ဖြစ်ပြီး ကျောင်းအခြေပြုတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျန်မာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးခြင်းဖြစ်ပြီး ဇန်နဝါရီလကုန်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက် )