မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလ (၅) လမ်း တွင် ဇန်နဝါရီလ ၂၈ ရက် ညနေ (၆) နာရီ (၅)မိနစ်ခန့်က ဦးထွန်းအောင်လင်း၏ နေအိမ်အလျား (၂၀) ပေ ၊ အနံ (၅၀)ပေ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ဘုရားစင်မှစတင်လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုမှတစ်ဆင့် ခြေရင်းဘက်ရှိ ဦးဘရှိန်နှင့် ခေါင်းရင်းဘက်ရှိ ဒေါ်စန်းမြင့် ပိုင်ဆိုင်သော (လူမနေ) နေအိမ် အလျား (၂၀)ပေ၊ အနံ (၅၀)ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ် (၂)လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော် ဦးဆောင်သည့် မီးသတ် သန္ဓေ (၂၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀) ဦးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ(၆)နာရီ မိနစ် (၂၀) ခန့်တွင်မီးညွန့်ကျိုးသွားခဲ့ပြီး (၆)နာရီ မိနစ် (၃၀) တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးထွန်း အောင်လင်း (ဘ) ဦးစန်းတင့် အား အမှုဖွင့်အရေးယူဆောင်ရွက်ထားလျက်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိပါကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)