ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီး
Jan 30,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲကြီး၊ စားတော်ပဲနှင့်အခြားပဲ ၉၆၆၆၈ ဧကလျာထားပြီး ယမန်နှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။