သတင်းများ

မင်းဘူး (စကု) မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဘက်စုံထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဘက်စုံထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုရာ အခမ်းအနားသို့ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူ (၃၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 30,2024
မကွေးတိုင်းဒေသကြီးတွင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်  စလင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေးအတွက်  အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေး
Jan 30,2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုလျော့နည်းကျဆင်းစေရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများ၊ ဓာတ်ဆီဆိုင်များနှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးလျှက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ကောင်းထက်ကောင်းပဲကြော်လုပ်ငန်း၊ ချိုပဲကြော်လုပ်ငန်း၊ သင်းမြတ်ပဲကြော်လုပ်ငန်းများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနိူးဆော်ခြင်းများ ဆောင်ရွက်
Jan 30,2024
ရန်ကုန်တိုင်း‌ဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးနှိုးဆောင်ခြင်းကို ယမန်နေ့ညနေ ၅း၃၀ အချိန်မှစ၍ လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းသို့ တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုများစနစ်တကျရှိရေး လိုက်လံစစ်ဆေး
Jan 30,2024
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက် ဆုံးရှုံရခြင်းများမှ ကင်းဝေးစေရေးအတွက် ဒေါပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ယမုံနာ (၂) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် ဥယျာဥ်ကျေးရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်‌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့မွန်းလွဲ (၁၂)နာရီခွဲက ဥယျာဉ်ကျေးရွာဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခဲ့သည်။