မိတ္ထီလာ ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာမူလတန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲမစတင်မီ ဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာရာ ကျောင်းသူ ကျောင်းသားများက ပါဝင်ယှဉ်ပြိုင်ကြသည်။ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ဉာဏ်စမ်းဗဟုသုတပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဗိုလ်ချုပ် မိန့်ခွန်းပြောပြိုင်ပွဲများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး ယနေ့တွင် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲကို ပြိုင်ပွဲကျင်းပခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံ၌ ကျင်းပမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ