တောင်ငူ ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပြီး စာစီစာကုံးပြိုင်ပွဲတွင် ပြည်ထောင်စုမြေကာကွယ်လေ(အထက်တန်းအဆင့်)၊ စည်းလုံးခြင်းသည်အင်အား (အလယ်တန်းအဆင့်)၊ စည်းလုံးမှုစွမ်းအား(မူလတန်းအဆင့်) ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်သူ(၃၇)ဦး၊ ကဗျာပြိုင်ပွဲတွင် ရှေ့သို့လှမ်းချီမြန်မာပြည်(အထက်တန်းအဆင့်)၊ ပြည်ထောင်စုအမွေ(အလယ်တန်းအဆင့်)၊ ပန်းများဝေစီတို့တိုင်းပြည် (မူလတန်းအဆင့်)ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်သူ(၂၇)ဦး၊ ပန်းချီပြိုင်ပွဲတွင် ယှဥ်ပြိုင်သူ(၂၃)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၈၇)ဦး ပါဝင်ယှဥ်ပြိုင်လျက်ရှိပြီး အဆိုပါပြိုင်ပွဲကျင်းပရာသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)