သာစည် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဇေယျသုခ ရေလှူအသင်းနှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်မွန်းလွဲ ၂ နာရီက အဆိုပါအသင်းရုံး၌ပြုလုပ်ကြောင်းသိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး အသင်းနာယကအဖွဲ့ဝင်(၁) ဦးဟန်ခင်ကအသင်း၏ နှစ်အလိုက် ရေလှူဒါန်းမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးသည်။ ထို့နောက်အသင်း ဘဏ္ဍာရေးမှူး ဦးစိုးမြင့်က နှစ်ပတ်လည်စာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းကို ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)