တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းပြုလုပ်

တမူး ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ည​နေ (၃)နာရီအချိန်က စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် တမူးမြို့ စာပေချစ်သူများ အဖွဲ့ဝင် ဦး​လျန်ဆုမ်းနှင့် အဖွဲ့ဝင်များမှ စာရေးဆရာ ညီညီနိုင် ရေးသားသည့် "အဓိကလူ လူအဓိက" စာအုပ်မှ မိဘကျေးဇူးတော်နေ့ ခေါင်းစဥ် အကြောင်းအရာဖြင့် ဖတ်ရှုခဲ့ကြပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တမူးမြို့ရှိ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တမူးခရိုင်ရုံးမှ ပြည်သူများ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်း များရရှိ​စေရန်နှင့် တစ်ဦးနှင့် တစ်ဦး အတွေးအခေါ် အမြင်သစ်များ မျှဝေတတ်စေရန်၊ စာအုပ် စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာ