ကွန်ဟိန်း ဇန်နဝါရီလ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြည်သူ့ဆေးရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇင်ဦးနှင့်ဝန်ထမ်းများက နိုင်ငံဝန်ထမ်း ၅၀ နှစ်အထက်၊ အသက် ၆၅ နှစ်အထက် ပြည်သူများ၊ အသက်၁၈နှစ်အထက် နာတာရှည်ရောဂါရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Original Strain) ထပ်ဆောင်းထိုးနှံပေးခြင်းကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)