နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာ တွင်းလမ်း ၃၀၀၀ ပေအား ကျောက်ရောမြေဖြင့် ခြောက်လက်မ ထုအခြေခံလွှာခင်းကြိတ်ပြီး (၃၀၀၀ ပေx ၁၂ ပေ × ၈လက်မထု) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကျေးရွာရှိတောင်သူများ စိုက်ပျိုးထားရှိသည့် သီးနှံစိုက်ခင်းများအား ကြည့်ရှု၍ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး၊ သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးနှင့် ကျေးရွာအတွင်း သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရေလယ်ကွေ့ကျေးရွာတွင်းလမ်း (၁/၀.၅၁၅)မိုင်(1.713km)အား မြေသားတာဘောင်တင်၍ (200mm)ထု ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ ကျောက်ကြီးဆီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်းတံတား (BoxCulvert)(၁၆) စင်း တည်ဆောင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများကို အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်ရန်နှင့် လမ်းဘေးဝဲယာတစ်လျှောက် ရေနှုတ်မြောင်းများပြုလုပ်ပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် နေပြည်တော်မြို့ပတ်လမ်း (V-4)လမ်းရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန ကွပ်ကဲမှုအောက်ရှိ လယ်ဝေးမြို့နယ်ကော်မတီပိုင် အသားထုတ်နယ်မြေ၌ သားသတ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သားသတ်ရုံဆောက်လုပ်ရေးလုပ်ငန်းများအား သတ်မှတ်ထားသည့်ပုံစံများအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် သားသတ်ရုံများအတွင်း သန့်ရှင်းမှုရှိစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ စမ်းကလေးသုသာန်၌ အဆောက်အဦများ ပြန်လည်တည်‌ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစု RCC တံတား၏ ကျန်ရှိသော စပ်ဆက်လုပ်ငန်းများ တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့စေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။       

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့၊ သီရိရတနာမြို့မဈေး၌ သား/ငါးရုံသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့မဈေးကြီးအား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းမှုရှိစေရေး၊ ဈေးအတွင်းအပြင်ရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ(MICC-I)တွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ   နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် မူလအဆောက်အဦအား ထိခိုက်မှုမရှိစေရေး အထူးအလေးထားထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းမီးပွိုင့် သံလမ်းကူ လမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့စေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(မြို့နယ်၊ ပြန်/ဆက်)