သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး၍ ပျက်စီးဆုံးရှုံးမှုမရှိ လုံခြုံစိတ်ချရေးအတွက် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးကြေညာ

သာပေါင်း ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး၍ ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ လုံခြုံစိတ်ချရေးအတွက် ယမန်နေ့ညနေ (၆) နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေး ကြေညာချက်များအား စဉ်ဆက်မပြတ်နှိုးဆော် သတိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်အသိပေးကြေညာချက်များကို အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့်စာ‌ရေး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက် ဦးစီးမှူးကျော်ဇင်ထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ပြည်သူများအား ယခုအချိန်သည် ပူပြင်းခြောက်သွေ့၍ လေပြင်းများတိုက်ခတ်သော နွေရာသီသို့ရောက်ရှိပြီဖြစ်ပါ၍ မိမိတို့အိမ်၊ မိမိတို့ရုံး/ဌာနများမှစတင်၍ မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် အောက်ဖော်ပြပါ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိကျလိုက်နာ ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော် ခဲ့သည်။

မျိုးဇော်သိန်း (ပြန်/ဆက်)