ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် စခန်းတွင်း လေ့ကျင့်မှုများ လေ့ကျင့်ဆောင်ရွက်လျက်ရှိ

ညောင်ဦး  ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်စခန်း၊ ပုဂံ/ငါ့သရောက်၊ တောင်ဇင်းနှင့် စဉ့်ကူးနယ်မြေမီးသတ်စခန်းများရှိ တပ်ဖွဲ့ဝင်များအနေဖြင့် စွမ်းရည် (၄)ရပ် ထက်မြက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်ကာ လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ညောင်ဦးမြို့နယ် မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စွမ်းရည်(၄)ရပ် ထက်မြက်စေရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ရေတွင်းအသက်ကယ်ဆယ်ရေး လေ့ကျင့်ခန်းများ၊ အခြေခံ ကြိုးချည်နည်းလေ့ကျင့်ခန်းများနှင့် အသက်ရှူကိရိယာ BA set လေ့ကျင့်ခန်းများအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ စခန်းတွင်း လေ့ကျင့်ရေး လုပ်ငန်းများအား မီးသတ်စခန်းအသီးသီးတွင် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း