အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆို ခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှ အသိပညာပေးခြင်း အခမ်းအနား ကော့သောင်းမြို့၌ ကျင်းပ

ကော့သောင်း  ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများ တင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း အပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှ အသိပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်က သတင်းတု၊သတင်းမှားများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် အသိပညာပေး ဟောပြောခြင်း၊ သတင်းမှားများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များ၊ သတိပြုသင့်သည် သတင်းတု၊သတင်းမှားများနှင့် အသိပညာ ဗဟုသုတရဖွယ် အကြောင်းအရာများအား တက်ရောက်လာသော ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားကျောင်းသူများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်အဆင့် အကြီးအကဲများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးမှ သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်သော ဥပဒေများ၊ အသိပညာပေးခြင်းများအား အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှ အသိပညာပေးခြင်းကို ကော့သောင်းမြို့နယ်အတွင်း ဆက်လက်ပြုလုပ်ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)