ရှမ်းရွာသစ် ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းများနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ဘဝဖြစ်စဉ် အကြောင်းအရာများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု တစ်လျှောက်တွင် ပါဝင်သော ခေါင်းဆောင်များ၊ မှတ်တမ်းများ၊ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)