ဂွ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့၊ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်၊ (ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၉၄၆) ရက်နေ့တွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ်ညီလာ ခံသဘင်ကြီးသို့ တင်သွင်းသည့် ညီညွှတ်ရေးအဆိုမှ ကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေး ဆောင်းပါး၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်