ဇေယျာသီရိမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ဇေယျာသီရိ ဖေဖော်ဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်အရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတ်မူရေးနှင့် အရေးပေါ်မီးသတ်ပစ္စည်းကိရိယာများအား စက်သုံးဆီအရောင်းဆိုင်များရှိ ဝန်ထမ်းများ လက်တွေ့အသုံးပြုတတ်စေရေး၊ စက်သုံးဆီအရောင်းဆိုင်များရှိ မီသတ်ဆေးဗူးများ သက်တမ်းလွန်မှုရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသည့်အရာများအား စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)