မင်းလှမြို့နယ် မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ပါဠိပါဂူဘွဲ့တံဆိပ်တော်ရ (စာချနာယကဆရာတော်) အရှင်ဓမ္မဒီပ၏ ပါဠိပါရဂူဂုဏဝိသိဠပူဇော်ပွဲ အခမ်းအနားကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ပါဠိပါဂူဘွဲ့ တံဆိပ်တော်ရ (စာချနာယကဆရာတော်) အရှင်ဓမ္မဒီပ၏ ပါဠိပါရဂူဂုဏဝိသိဠပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မလွန်ရေခါးစာသင်တိုက်ရှိ သာသနာ့ဗိ‌မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတသ (၃) ကြိမ်ရွတ်ဆိုဘုရား‌ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကြွရောက်ချီးမြှောက်တော်မူသည့် ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်ရွတ်ဖတ်ပူ‌ဇော်ခဲ့သည်။ ထို့နောက် ဆရာတော်ဦးကေသရ (မန္တလေး) မှ အရှင်ဓမ္မဒီပ၏ ထေရုပ္ပတ္တိအားလျှောက်ထားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်မှ ပါဠိပါဂူဘွဲ့ အောင်လက်မှတ်အား ဆရာတော်အရှင်ဓမ္မဒီပထံ ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ စေတနာရှင်အလှူရှင်များက စုပေါင်း၍ ပါဠိပါဂူဘွဲ့ရရှိသည့် ဆရာတော်အရှင်ဓမ္မဒီပအား အလှူငွေကျပ် (၇၄) သိန်းလှူဒါန်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အလှူရှင်များ ကိုယ်စားလှူဒါန်းပေးခဲ့ပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် မလွန်ရေခါးပရိယတ္တိစာသင်တိုက် စာချနာယကဆရာတော်အရှင်ကေလာသမှ ရေစက်သွန်းချ တရားဟောကြားတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ရာ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုခဲ့ကြောင်း သိရသည်။

ဇာဇာ