ဒဂုံတောင် ဖေဖော်ဝါရီ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းအားဖြင့် စဉ်းစားခြင်းအတွေးအခေါ်ဗဟုသုတနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ Book Clubအဖွဲ့ဥက္ကဋ္ဌ စာရေးဆရာနေစိုးသော်၊ Book Club အဖွဲ့ဝင်များဖြစ်ကြသော စာရေးဆရာသက်ဝေမောင်၊ စာရေးဆရာထီလာကျော်၊ မသက်နှံ၊ သက်နှင်းညိုတို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာရေးဆရာ ဖိုးအောင်လေး၏ “အောင်ဆန်းဒိုင်ယာရီ (၁၉၁၅-၁၉၄၇)” စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးကြသည်။
ထို့နောက် ဆရာသက်ဝေမောင်က ယနေ့လူငယ်များအနေဖြင့် ၄င်းစာအုပ်ကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ ယင်းစာအုပ်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို ရက်စွဲအလိုက်ဖော်ပြထားသဖြင့် နေ့မအားညမနား လုံးပမ်းဆောင်ရွက်မှုများကို သိရှိလေ့လာနိုင်ကြောင်း၊ စာဖတ်ခြင်း၊ စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗသုတများ တိုးပွားရရှိကာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး အချိန်ကိုတန်ဖိုးရှိစွာ အသုံးကပြုတတ်သည့် လူငယ်လူရွယ်များဖြစ်စေလိုကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းကို အောင်မြင်စွာရုတ်သိမ်းကာ တက်ရောက်လာသော Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
သန်းသန်းအေး