သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စု‌နေ တောင်သူများနှင့် တွေ့ဆုံ

သာပေါင်း ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စု‌နေ တောင်သူများနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က တွေ့ဆုံခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စု၊ သောင်ရွာ ကျေးရွာတွင် တောင်သူများနှင့် တွေ့ဆုံ၍ (၈၆)ဘီလီယံ သွင်းအားစု မိုးစပါးရယူ တောင်သူများကျန်ရှိသည့် ပေးသွင်းရမည့် စပါးများပေးသွင်းရေး၊ နွေစပါးစိုက်တောင်သူများ(၁)ဧက တင်း(၁၁၀)ထွက်ရှိရေး ဆောင်ရွက်ရန်၊၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးမြေမြှုပ်ဆောင်ရွက်ရေး၊၂၀၂၅ ခုနှစ်၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးရေး၊ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ရန်၊(မျိုးပြောင်းလဲခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ ဓာတ်မြေသြဇာ အချိုးကျထည့်သွင်းရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး)၊ မျိုးစေ့ချကိရိယာ(Seeder)ဝယ်ယူအသုံး

ပြုရေး၊ ကြဲခင်းစနစ်အစား စိုက်ခင်းစနစ် အသုံးပြုရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)