ဂန့်ဂေါ ဖေဖော်ဝါရီ ၅
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် “(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုနေ့နှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အ.ထ.က (ဂန့်ဂေါ) ကျောင်း၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်များခွဲ၍ ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ဂန့်ဂေါမြို့အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/ သူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့် (၁၀) ဦးနှင့် အထက်တန်းအဆင့် (၁၀) ဦး စုစုပေါင်း (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပရာသို့ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမျိုးသူရတို့က ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်ထောင်စုနေ့အခမ်းအနားတွင် ချီးမြှောက်ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်