သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(5/9) စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေး​နွေးပွဲကျင်းပ

သဲကုန်း ဖေဖော်ဝါရီ  ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(5/9)  စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးသိန်းထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦး​ကျော်သူဝင်းက အခြေခံပညာမူလတန်းအဆင့် Grade(5)၊ အခြေခံပညာအထက်တန်းအဆင့် Grade(9) ကြီးကြပ်ရေးမှူးများအား  စာမေးပွဲဆိုင်ရာများနှင့် ပတ်သက်၍လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ဝက်ပုတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်ဝင်းမောင်နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ကင်းသန်း)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဥမ္မာကြည်တို့မှ စာမေးပွဲဆိုင်ရာ လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ စည်းကမ်းချက် များအားရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ထွေးက Grade-5 English ဘာသာရပ်မေးခွန်းပုံစံနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသူများ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေး​နွေးပွဲသို့ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၁၉၄)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော်(ပြန်/ဆက်)