သံတွဲ ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကို သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကို သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်နိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် “ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံးဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲဝင် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၄) ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ”စည်းလုံးညီညွှတ်သောအင်အားဖြင့် ပြည်ထောင်စုဂုဏ်ရည်မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်အထက်တန်းအဆင့် (၇) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့မြင်ကွင်း” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ (၁၀) ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မြတ်နိုးတန်ဖိုးထားအပ်သည့် ပြည်ထောင်စုနေ့” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၇) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၂၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)