ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီစိုက််ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဒေသခံ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ပဲကြီးသီးနှံ ဧက (၇၈၃၉) ကျော် လျားထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံဧက (၇၈၃၉) ဧက စိုက်ပျိုးရန်လျာထားရှိပြီး ဒေသခံတောင်သူများက နိုဝင်ဘာလဆန်းပိုင်းက စတင်၍ စိုက်ပျိုးခဲ့ရာ ဇန်နဝါရီလပထမပတ်တွင် ပဲကြီးသီးနှံ (၇၈၃၉) ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ပဲကြီးသီးနှံ တစ်မြို့နယ်လုံး စိုက်ဧက (၇၈၃၉) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ သတ်မှတ်လျာထားတဲ့ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆောင်းရာသီစိုက်ပျိုးရာသီတွင်လည်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ရည်ရွယ်၍ ပဲကြီး သီးနှံအပါအဝင် ပဲမျိုးစုံသီးနှံစိုက်ဧက (၇၈၃၉) ဧကလျာထား စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)