မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တံတားဦးမြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

တံတားဦး ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းသည် ယနေ့နံနက် ၉ နာရီက တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

တံတားဦးမြို့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုကို ဆုပြည့်စံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တံတားဦးခရိုင် ပညာရေးမှူးရုံးသို့ ဆောက်ရှိလာပြီး ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံပြီး Grade-5၊ Grade - 9နှင့် ကျောင်းတွင်းစာမေးပွဲများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ မည်သည့်လုပ်ငန်း လုပ်ဆောင်မည်ဆိုပါက ကြိုတင်ဆောင်ရွက်ထားစေလိုကြောင်း၊ မိမိဘဝကောင်းမွန်တိုးတက်မှ ကျောင်းသာ/သူများ၏ဘဝ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည် ။

ထို့နောက် တံတားဦခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းဦးနှင့် တာဝန်ရှိသူများက မိမိဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

တံတားဦးမြို့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် RCC (၁)ထပ်ဖြစ်ပြီး၊ အလျား (၁၁၈) ပေ၊ အနံ (၉၆) ပေကို (၄၅၂.၀၁၉) ကျပ်သန်းဖြင့် ဆုပြည့်စံကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းကို ယနေ့အထိ (၂၄) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းနှင့် (၂၃.၃.၂၀၂၄) ရက်နေ့တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ တံတားဦးခရိုင်အနေဖြင့် Grade-5 စာမေးပွဲတွင် စာစစ်ဌာန (၁၆၉)  ခုရှိပြီး ကျောင်းသား/သူပေါင်း (၃၄၀၃) ဦး၊ Grade- 9 စာမေးပွဲတွင် စာစစ်ဌာန (၅၆) ခုရှိပြီး ကျောင်းသား/သူပေါင်း (၁၆၅၈) ဦးရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့် (ပြန်/ဆက်)