မုံရွာ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂပိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင် (၁၄)ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၇၆၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၇၂၀၂၅ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ တတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၇၆၂၅၇ ဧက စိုက်ပျိုးပြီးစီး၍ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း၊ စားဖိုးဆောင်သီးနှံစုံ စိုက်ပျိုးနိုင်သည့်အတွက် မိသားစုဝင်ငွေတိုးပွားစေကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီ တိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အပါဝင် ခရိုင် (၁၄)ခရိုင်မှာ စားဖိုဆောင်သီးနှံစုံ ၇၂၀၂၅ ဧက စိုက်ပျိုးဖို့ လျာထားကာ နာဂဒေသမှာ ၈၂၆ ဧက၊ စစ်ကိုင်းခရိုင်မှာ ၇၄၁၂ ဧက၊ မုံရွာခရိုင်မှာ ၁၄၀၁၅ ဧက၊ ယင်းမာပင်ခရိုင်မှာ ၁၂၅၉၉ ဧက၊ ရွှေဘိုခရိုင်မှာ ၂၀၉၉၆ ဧက၊ ကန့်ဘလူခရိုင်မှာ ၁၈၅ ဧက၊ ကသာခရိုင်မှာ ၄၆၄၅ ဧက၊ ကောလင်းခရိုင်မှာ ၈၆၀ ဧက၊ ကလေးခရိုင်မှာ ၆၃၄၀ ဧက၊ တမူးခရိုင်မှာ ၁၄၂၉ ဧက၊ ဟုမ္မလင်းခရိုင်မှာ ၈၇၉ ဧက၊ မော်လိုက်ခရိုင်မှာ ၁၈၇၁ ဧကနှင့် ရေဦးခရိုင်မှာ ၃၉၂၀ ဧက စုစုပေါင်း ၇၆၂၅၇ ဧက စိုက်ပျိုးပြီးစီးပါပြီဖြစ်ပါတယ်။ စားဖိုဆောင်သီးနှံစုံ စိုက်ပျိုးတဲ့အတွက် ဒေသထွက်ကုန်သီးနှံတွေ ရောင်းချနိုင်တဲ့အပြင် မိသားစုဝင်ငွေ တိုးလာစေပါတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေမှာ ပိုးမွှားရောဂါကျရောက်မှုကို ကာကွယ်နှိမ်နှင်းဖို့အပြင် အထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ နည်းပညာတွေနဲ့ တခြားပံ့ပိုမှုတွေကို မိမိတို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးပါတယ်"ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂပိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၇၆၂၅၇ ဧက စိုက်ပျိုးရာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ် စသည့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ပိုးမွှားရောဂါအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးတို့အား မိမိတို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းပြီး တောင်သူများကို အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ပေးကြောင်းလည်း သိရသည်။
ခရိုင်(ပြန်/ဆက်)