ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် အလုပ်သမားများ၏ ဥပေဒပါ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီမွ စတင်ကာ အင်းစိန်မြို့နယ်၊ရွှေပြည်သာစက်မှုဇုန်(၃)ရှိ Yangon Crown Co,Ltd(ဝါယာကြိုးစက်ရုံ)နှင့် ရွှေပြည်သာစက်မှုဇုန်(၄)ရှိ Zhongrun Myanmar Garment Co,Ltd ( ကျိုရစ်မြန်မာအထည်ချုပ်စက်ရုံ)တို့တွင် ကျင်းပခဲ့သည်။
စက်ရုံများရှိ အလုပ်သမားများ၏ ဥပေဒပါ ရပိုင်ခွင်များဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊အင်းစိန်ခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမွ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်၊ ဦးစီးအရာရှိ ဦးဝင်းသူနှင့် ဒေါ်သိမ့်သိမ့်စိုးတို့က အလုပ်ရှင်နှင့်အလုပ်သမားများတို့အား အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များဖြစ်သော အလုပ်ချိန်၊ နားချိန်၊ နားရက်၊ အချိန်ပို၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ လုပ်ခလစာ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စက်ရုံများရှိ အလုပ်သမားများအား အလုပ်သမားများ၏ ဥပေဒပါ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ အင်းစိန်ခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အသိပညာပေးဆွေးနွေးခြင်းအားဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများ အလုပ်သမား ဥပဒေများကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုစွမ်းအားများ မြင့်မားကာ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)