အ.လ.က(ခွဲ)မ (၂၅)ကျောင်း၌ ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ
Feb 07,2024
လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ရရှိပြီးသားအသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရေး ရည်ရွယ်ကာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အ.လ.က(ခွဲ)မ(၂၅)ကျောင်း၌ ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀မိနစ်က အ.လ.က(ခွဲ)မ (၂၅)ကျောင်း စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။