မရမ်းကုန်းမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာများအားကွင်း ဆင်းစစ်ဆေး

မရမ်းကုန်း  ဖေဖော်ဝါရီ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဌာနဆိုင်ရာများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ၊ မီးပလပ်/ ခလုတ်များအား ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ ရေကန်များ၌ ရေများဖြည့်တင်းခြင်း၊ စသည့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)