စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စမ်းချောင်း  ဖေဖေါ်ဝါရီ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဌာနဆိုင်ရာရုံး/အဆောက် အဦများအား မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် (၉:၀၀)နာရီက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်စမ်းချောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးသူရဆွေနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက စမ်းချောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့်၊ မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေးအတွက်၊ မီးကိုစနစ်တကျသုံးစွဲရန်နှင့် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးနှင့် မီးသတ်ဆေးဘူးများထားရှိရန်၊ မီးသတ်‌ဆေးဘူးများကို စနစ်တကျ အသုံးပြုတတ်‌စေရန် လှည့်လည်အသိပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ဖြူသွယ်ထွန်း (ပြန်/ဆက်)