ပြည် ဖေဖော်ဝါရီ ၇
ပြည်နည်းပညာတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နည်းပညာတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြနန္ဒာလွင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူလေးများက အပျိုတော် အက၊ ရှမ်းယိမ်းအက၊ ခေတ်(၄)ခေတ်အက (ပျူ၊ ပုဂံ၊ ကုန်းဘောင်၊ ယနေ့ခေတ်) အကနှင့် မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ ဦးရွှေရိုး၊ ဒေါ်မိုး အကစသည့် အကမျိုးစုံဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် မောင်မယ်သစ်လွင်များအနက်မှ King, Queen ရွေးချယ်ပြီး တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ သင်တန်းရေးရာဌာန ဌာနကြီးမှူး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)