တောင်တွင်းကြီး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကြက်ဖြူတောကျေးရွာတွင် နွေ၊မိုးဆောင်း သုံးရာသီလုံး စိုက်ပျိုးနိုင်သော တစ်ပိုင်တစ်နိုင် ရေးမွှေးပန်းစိုက်တောင်သူများ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ရေမွှေးပန်းစိုက်ခြင်းများနှင့်ပတ်သတ်၍ မျိုးစေ့ချစိုက်ပျိုးနည်းမဟုတ်ပဲ ကိုင်းချိုးဖြတ်တောက်၍ ပင်ပွားစိုက်ပျိုးနည်းစနစ် အသုံးပြုထားခြင်းကြောင်း မျိုးစေ့ဖိုးကုန်ကျစရိတ်သက်သာကြောင်း၊ မြေဆီမြေသြဇာကိုလည်း အပြင်ကဝယ်ယူစရာမလိုပဲ မိမိတို့အိမ်တွင် မွေးမြူးထားသည့်နွားများမှ နွားချေး၊ မကြီးရွက်မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးကြကြောင်း၊ ဘသာဝမြေဆွေးများ အသုံးပြုစိုက်ပျိုးထားခြင်းကြောင့် ပန်းပင်များ ပွင့်ဖူးစအရွက်တွင် ညှိနွမ်းခြင်း ခြောက်သွေ့ခြင်းများမရှိကြောင်း၊ ဆောင်းရာသီတွင် ၁၄ ရက် တပတ်ရေတွင်းခြင်းကြောင့် ရေမွှေးပန်းပင်များ၏ အောက်ခြေပင်စီရင်းတွင် မှိုရောဂါ စွဲကပ်ခြင်း နည်းပါးကြောင်း၊ ပန်းပင်များအား အရိုးတံကြီးထွားမှု မနှောင့်နှေးစေရန် ပေါက်မြက်များ ရှင်းလင်းခြင်း လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ ယခုအခါတွင် ရေမွှေးပန်းများကို စတင်ရောင်းချနိုင်ပြီး တောင်တွင်းကြီးမြို့နယ် မြို့မစျေးနှင့် နတ်မောက်၊ မြို့သစ်၊ ဆတ်သွား၊ မိထ္တီလာ၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်းအထိ မိမိကိုယ်တိုင်/ဖောက်သည်များဖြင့် ရောင်းချလျက်ရှိပြီး တနေ့လျှင် (၈၀၀၀၀) ကျပ်မှ (၁၂၀၀၀၀) ကျပ်ဖိုးအထိ ရောင်းချရသည့်အတွက် နေစဥ်ပုံမှန်ဝင်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)