သပိတ်ကျင်းမြို့(မြို့မ) ဈေးတွင် မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ လက်တွေ့ သရုပ်ပြခြင်းများဆောင်ရွက်

သပိတ်ကျင်း ဖေဖော်ဝါရီ  ၈

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်သပိတ်ကျင်းမြို့၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်‌ရေးတို့အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၇ နာရီက သပိတ်ကျင်း( မြို့မ)စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်( မြို့မ ) ဈေးအတွင်း ဈေးရောင်းချ‌နေသူများ၏ ဈေးဆိုင်ခန်းများတွင် မီးသုံးစွဲ‌နေသည့် အခြေအနေများကို လိုက်လံစစ်ဆေးပြီး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးသုံးစွဲနည်းတို့ကိုဆောင်ရွက်ခဲ့ကာ မီးဘေးကာကွယ်ရေးနှင့် ပတ်သက်သည့်လက်ကမ်းစာစောင်များ  ဖြန်ဝေခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိ ဦးကိုကိုကျော်တို့မှ ကြီးကြပ်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)